လေဘေးသင့်ပြည်သူများအားထောက်ပ့ံမှုသတင်း

24 pic 02ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသော ဓနိမိုး ထရံကာ ၀ါးခင်း လူနေအိမ် (၃) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဓနိမိုး ထရံကာ ၀ါးခင်းလူနေအိမ် (၁) လုံးနှင့် သွပ်မိုး ပျဉ်ခင်း ထရံကာ လူနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၈) စုမှ လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀၀ိ/-)ကျပ်နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀ိ/-)ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events