မြစ်ကြီနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ IDPs စခန်းများအား ထောက်ပံ့ပေးမှုသတင်း

kc22 kc33

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှထောက်ပံ့သောငွေဖြင့် ထောက်ပံ့ရန် ကျန်ရှိသည့် မြစ်ကြီးနား မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇) ခု နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စခန်း(၁၀) ခုအား ကချင်ပြည်နယ်ဉ်ီးစီးမှူးမှ (၁၉/၂၀ /၂၁ /၂၂-၄-၂၀၁၇) ရက်နေ့များတွင်  သွားရောက်ထောက်ပံ့ခဲ့ပါသည်။ (၂၄-၄-၂၀၁၇) ရက်နေ့တွင် ပူတာအိုမြို့ရှိ IDPs စခန်း(၂) ခုသို့ ထောက်ပံ့မည့်ပစ္စည်းများအား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကာ  မြစ်ကြီနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ IDPs စခန်းများရှိ အိမ်ထောင်စု (၄၁၅၀) စု  လူဦးရေ (၂၀၈၈၁) ဦးတို့အတွက် ဆန် (၇) ရက်နှင့် (၁၄) ရက်စာ (၁၅၄၇) အိတ်၊ ဆီ (၂၀၇၅) ပိဿာ၊ ဆား(၂၀၇၅) ပိဿာ၊ ပဲ (၂၀၇၅) ပိဿာနှင့် ငါးသေတ္တာ (၁၂၄၅၀) ဗူး စသည့် ရိက္ခာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events