Category Archives: News
-
မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာတွင် ဓါတ်လိုက်၍သေဆုံးမှုအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန်းခမ်းရပ်၊ ဗိုလ်တဲလမ်းပေါ်တွင် ဓါတ်လိုက်၍ သေဆုံးသွားသော နန်းမားကျေးရွာနေ ဦးမောင်ချင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ် အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် သဘာဝဘေးလျော့ပါးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းလေးကျေးရွာအုပ်စု၊ ပခန်းလေးကျေးရွာ ရှိ လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၄-၄-၂၀၁၇) ရက်နေ့ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ နယ်၊ ပခန်းလေးကျေးရွာအုပ်စု၊ ပခန်းလေးကျေးရွာတွင် ထန်းပင်ပိ၍ အိမ်ပြိုကျမှုဖြစ်ပွားခဲ့သည့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
မောင်တောမြို့နယ်၊ အထက်ပြူးမကျေးရွာ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၃-၄-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တော်မြို့၊ အထက်ပြူးမကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၇) သိန်းကျပ်၊ ဘေးသင့်လူဦးရေ (၁၂၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၅၂၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၇) အိမ်ထောင်စာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့ တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သော မော်လိုက်မြို့နယ်၊ ကြာအင်းစံပြကျေးရွာနှင့် မှန်ပင်ကျေးရွာအုပ်စု၊ တောင်တွင်းကျေးရွာရှိ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၄-၄-၂၀၁၇) ရက်နေ့ နေ့လည်(၁၄:၂၀) တွင် ကလေးမြို့နယ် ကျေးရွာ (၉) ရွာ၌ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် စုစုပေါင်း (၃၅) လုံးအတွက် (၁) အိမ်လျှင် (၅၀၀,၀၀) ကျပ်နှုန်း နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့ကို (၂၅-၄-၂၀၁၇) ရက်နေ့တွင် ကလေးဒုတိယ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်အတူ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ OCHA Donor Support Group နှင့် JICA Myanmar ၏ ဌာနေကိုယ်စား လှယ်ချုပ်တို့အား သီးခြားစီလက်ခံတွေ့ဆုံမှုသတင်း
၂၅-၄-၂၀၁၇၊နေပြည်တော်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အမေရိကန်နိုင်ငံ နိုင်ငံရပ်ခြားဘေးအန္တရာယ် အကူအညီပေးရေးရုံးမှ ခေတ္တ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Carol Chan ဦးဆောင်သည့် OCHA Donor Support Group မှ ကိုယ်စားလှယ်များက ဝန်ကြီးရုံးမေခလာခန်းမတွင် (၂၄.၄.၂၀၁၇) ရက်နေ့ ညနေ (၂) နာရီ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှု အကူညီပေးရေးညှိနှိုင်းရေးရုံး (UNOCH)နှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ဘေးအန္တရာယ်တုံ့ပြန် ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် … Read more
-
လေဘေးထောက်ပ့ံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု လင်းကွိကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး ၀ါးထရံကာ ပျဉ်ခင်း လူနေအိမ် (၅) လုံး အမိုးလန်ထရံပျက်စီးခဲ့ပြီး မာလာကျေးရွာအုပ်စု ခပေါ်ကျေးရွာတွင် သွပ်မိုးဝါးထရံကာ ၀ါးခင်းလူနေအိမ် (၁) လုံး သစ်ပင်ပိပြိုကျပျက်စီး ခဲ့ပါသည်။ အမိုးလန်ထရံပျက်စီး အိမ်ခြေ (၅) လုံးမှ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ သစ်ပင်ပိ အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ထောင်စု … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကမ်းပြိုမှုရွှေ့ပြောင်းအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျွဲခြံကျေးရွာတွင် (၂၀-၃-၂၀၁၇)ရက်နေ့မှ (၁၉-၄-၂၀၁၇) ရက်နေ့ထိ ရွှေလီမြစ်ရေကြောင့် ကမ်းပါးပြိုကျနိုင်သည့် အတွက် ကြိုတင်ဖျက်သိမ်းအိမ်(၈)လုံးမှ အိမ်ထောင်စု(၈)စုအား ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၂)ကျေးရွာ၊ မယ်ကြုတ်ကျေးရွာ၊ မဟုန်ကန်ကျေးရွာ၊ အဟုန်လွယ်ကျေးရွာ၊ ဖားမိုက်ကျေးရွာနှင့် ဟွေဖော်ကျေးရွာတို့၌ (၂၂-၄-၂၀၁၇)ရက်နေ့ နှင့် (၂၃-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၆၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အိမ်ခြေများမှ အိမ်ထောင်စုများအတွက် တန်ဖိုးငွေ(၅၂၈၄၅၀)ကျပ်ရှိ ကယ်ဆယ်ရေး ပစ္စည်း(၆၅)အိမ်ထောင်စာကိုလည်ကောင်း၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆)သိန်းကိုလည်းကောင်း၊ စုစုပေါင်းငွေသား နှင့် ပစ္စည်းတန်ဖိုး(၇၁၂၈၄၅၀) (ခုနှစ်ဆယ့်တစ်သိန်းနှစ်သောင်း ရှစ်ထောင်လေးရာ ငါးဆယ်ကျပ်တိတိ)ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက(၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် … Read more









