လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့ တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သော မော်လိုက်မြို့နယ်၊ ကြာအင်းစံပြကျေးရွာနှင့် မှန်ပင်ကျေးရွာအုပ်စု၊ တောင်တွင်းကျေးရွာရှိ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)