ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းလေးကျေးရွာအုပ်စု၊ ပခန်းလေးကျေးရွာ ရှိ လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း

26_Pic_01

မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၄-၄-၂၀၁၇) ရက်နေ့ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ နယ်၊ ပခန်းလေးကျေးရွာအုပ်စု၊ ပခန်းလေးကျေးရွာတွင် ထန်းပင်ပိ၍ အိမ်ပြိုကျမှုဖြစ်ပွားခဲ့သည့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events