၂၅-၄-၂၀၁၇၊နေပြည်တော်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား အမေရိကန်နိုင်ငံ နိုင်ငံရပ်ခြားဘေးအန္တရာယ် အကူအညီပေးရေးရုံးမှ ခေတ္တ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Carol Chan ဦးဆောင်သည့် OCHA Donor Support Group မှ ကိုယ်စားလှယ်များက ဝန်ကြီးရုံးမေခလာခန်းမတွင် (၂၄.၄.၂၀၁၇) ရက်နေ့ ညနေ (၂) နာရီ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှု အကူညီပေးရေးညှိနှိုင်းရေးရုံး (UNOCH)နှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ဘေးအန္တရာယ်တုံ့ပြန် ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ နေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများအား လူသားချင်းစာနာကူညီမှုပေးအပ်နေသည့် အခြေအနေမှသည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များပါ တစ်ပါတည်းပူးတွဲဆောင်ရွက်သွားနိုင်ရေးသို့ ပြောင်းလဲဆောင်ရွက် ရန်အစီအစဉ်များ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အလှူရှင်အဖွဲ့အစည်းအနေဖြင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအတွက် အလုပ်အကိုင်ပေး၍ ငွေကြေးထောက်ပံ့မှု(Cash for Work)၊ အလုပ်လုပ်စေပြီး ရိက္ခာထောက်ပံ့မှု (Food for Work) အစီအစဉ်များ၊ သက်မွေးဝမ်းကျောင်း အခွင့်အလမ်းဖန်တီးပေးခြင်း အစီအစဉ်များဖြင့် ထောက်ပံ့ကူညီစေလိုကြောင်း၊ မိမိတို့အနေဖြင့် စခန်း တွင်းနေထိုင်သူများအနေဖြင့် ပေးအပ်လာမည့်အကူအညီများအပေါ်တွင်သာ မှီခိုမနေဘဲ ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလှူရှင်များအနေ ဖြင့် မည်သို့ပါဝင်ကူညီနိုင်မည်ကို သိလိုပါကြောင်းဆွေးနွေးခဲ့ပါသည်။ အလှူရှင်အဖွဲ့အစည်း ဘက်မှ လည်း ယခုအလှူရှင်များပါဝင်သည့်အဖွဲ့အနေဖြင့် နှစ်စဉ်နိုင်ငံတစ်နိုင်ငံသတ်မှတ်၍ သွားရောက် လေ့လာလျက်ရှိရာ ယခုနှစ်တွင် မြန်မာနိုင်ငံအားရွေးချယ်ပြီး လာရောက်ခြင်းဖြစ်ပါကြောင်း၊ လူသား ချင်းစာနာမှု ကဏ္ဍနှင့်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ (၂) ရပ်အတွက်လိုအပ်ချက်များ ရှင်းလင်းစွာသိရန် လိုအပ်ပါကြောင်း၊ UNOCHA အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာနေထိုင်သူများအတွက် အစိုးရ၏ အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုနှင့် အထောက်အပံ့အပေါ် မှီခိုမှုကင်းလာစေရေး ကြိုးပမ်းမှုကို ချီးကျူးပါကြောင်း၊ ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းမှပြည်သူများအနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ စခန်းများတွင် နေထိုင်လာခဲ့ခြင်း ကြောင့်၄င်းတို့ အတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိရေး ဆောင်ရွက်ခြင်းမှာ များစွာသင့်လျော်ပြီး UNOCHAအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိမြောက်ဦးနှင့်မင်းပြားဒေသတွင် စခန်းပိတ်သိမ်းပြီးပြန်လည် နေရာချထားပေးခဲ့ပြီးဖြစ်ရာ လူသားချင်း စာနာမှုအကူအညီများ လိုအပ်ဆဲဖြစ်ပါကြောင်း၊ ရခိုင်ရှိနေရပ်စွန့်ခွာ နေထိုင်သူများအတွက် လူသားချင်းစာနာမှုအကူအညီများအပေါ်တွင်သာ မမှီခိုစေရေးအတွက် နိုင်ငံသား စိစစ်ရေးကဒ်ရရှိမှုအပါအဝင် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့၏ အကြံပြုချက်များကို အကောင် အထည်ဖေါ်ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။ ပြည်ထောင်စု ဝန်ကြီးမှလည်း လူသားချင်းစာနာမှုနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် အစိုးရပူးပေါင်း၍ ဆန်းစစ်ချက်ကောက်ယူရေးဆောင်ရွက်ရန် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အတော်များများကို အစိုးရမှသဘောတူညီပြီး စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့်အကြံပြုချက်ပါ ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးကို စတင်စီစဉ် ဆောင်ရွက်လျက်ရှိပြီးတိုးတက်မှုအခြေ အနေကို (၁) ပါတ် (၁) ကြိမ်တင်ပြအသိပေးလျက်ရှိပါ ကြောင်း၊ မွေးစာရင်းကောက်ယူရေးကိုလည်း အိမ်တိုင်ရာရောက်ကောက်ယူသွားရေး စီစဉ်နေပြီဖြစ်ပါ ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ အလှူရှင်အဖွဲ့ ဘက်မှလည်းဝန်ကြီးဌာနမှဆောင်ရွက်နေသည့် နိုင်ငံခြားအဖွဲ့အစည်းများအတွက် ပြည်တွင်းခရီးသွားလာခွင့် ရရှိရေး ဆောင်ရွက်ပေးမှုအခြေ အနေများ၊ ဘေးဒဏ်လျော့ပါးရေးနှင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်နေမှုအခြေ အနေများကိုစုံစမ်းမေးမြန်းပြီး ဝန်ကြီးဌာနမှလည်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဝန်ကြီးဌာနမှ ယခုနှစ်ဘဏ္ဍာရေးနှစ်တွင်စတင်ထောက်ပံ့မည့် တစ်နိုင်ငံလုံးရှိအသက် (၉၀) နှင့်အထက် သက်ကြီး ရွယ်အိုပင်စင်ထောက်ပံ့ရေးနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၄င်းမှမွေးဖွားသော ကလေးအသက်(၂) နှစ်အထိ (၁) လလျှင် (၁၅၀၀၀/-) ထောက်ပံ့မည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များကို အသိပေးဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရှိကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုညှိနှိုင်းရေးမှူးဖြစ်သူ Ms.Renata Dessallien လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ဆက်လက်ပြီး (၂၅.၄.၂၀၁၇) ရက်နေ့ နံနက် (၁၁:၄၅) အချိန်တွင် JICA Myanmar ရုံးတွင် ဌာနကိုယ်စားလှယ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Masayuki KARASAWA မှ ပြည်ထောင်စု ဝန်ကြီးအား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မြန်မာ) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူကုန်ကူးခံရသူများ အားအကူအညီပေးမည့်သူများအတွက် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကွန်ယက်ချိတ်ဆက် မြှင့်တင်ဆောင်ရွက်မှုဆိုင်ရာစီမံချက်၊ လက်သင်္ကေတပြ ဘာသာစကားနည်းပြများ လေ့ကျင့်ပေးရေးစီမံချက်များနှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာန (Emergency Operation Centre) အတွက် နည်းပညာပိုင်းဆိုင်ရာနှင့် အထောက်အကူပြု ပစ္စည်းကိရိယာများဆိုင်ရာ ဆက်လက်ကူ ညီထောက်ပံ့ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။