Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ကျေးရွာ၌ (၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ထောင်စု (၄၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၆၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၅) အိမ်ထောင်စာတို့အား တိုင်းဒေသကြီးဦးစီးမှူး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖဌာနဆိုင်ရာများနှင့်အတူ (၃-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်မှ တာဝန်ရှိသူများသည်ဗန်းမော်မြို့နယ်စင်းခန်းကျေးရွာတွင်(၂၆-၄- ၂၀၁၇)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်အိမ်ထောင်စု(၅)စုလူဦးရေ (၂၂)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုးနှင့်ဆန်ဖိုးငွေ၄၆၂၀၀၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၅သိန်းနှင့့် အမိုးလန်ဘုန်းကြီးကျောင်း၁ကျောင်းအတွက် ထောက်ပ့ံငွေ၁သိန်း စုစုပေါင်း၆၄၆၂ဝဝကျပ်တိတိကို (၃-၅-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၇) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ရာလောန်အုပ်စု၊ ဇိုမွာလ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် မီးဘေးသင့်အိမ် (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) မျိုးပါ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ သေဆုံးသူ (၄) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၂၀၀,၀၀၀)ကျပ်နှင့် ကျန်ရစ်သူမိသားစု (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) … Read more
-
မကွေးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြို့ကြာကန်အုပ်စု (ရေကျန်ကုန်းတဲတိုက်)၊ ညောင်ပင်သာအုပ်စု (ကြားကုန်းတဲတိုက်) တို့မှ အိမ်ထောင်စု (၅၀၀) လူဦးရေ (၂၅၀၀) ဦးတို့အတွက် သောက်သုံးရေ (၁၇၈၀၀) ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ေကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ACTED အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်းကို (၃-၄-၂၀၁၇) ရက်နေ့တွင် မန္တလေးမြို့ (Perfect Hotel) ၌ သင်တန်းသား (၅၁) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၁၁) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံမြို့နယ်၊ ကျိုက္ကဘာကျေးရွာအုပ်စု ကျိုက္ကဘာကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ကျိုက္ကဘာကျေးရွာအုပ်စု ကျိုက္ကဘာကျေးရွာတွင် ဖြစ်ပွားသော မီးဘေးမှ မီးဘေးသင့် အိမ်ထောင် စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာ ဘေးသင့်ပြည်သူ (၇) ဦး အတွက် (၇) ရက်စာဆန် ရိက္ခာဘိုး (၁၄၇၀၀ိ/-)ကျပ်နှင့် အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀/-) ကျပ် စုစုပေါင်း (၃၁၄၇၀၀/-) ကျပ်တိတိအား (၂-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ထောက်ပံ့ရန် ကျန်ရှိသည့် မီးဘေးသင့်အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဘေးသင့်ပြည်သူ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်း (၂၄၂,၀၀၀) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်မှတစ်ဆင့် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ပန်းတောကြီးကျေးရွာအုပ်စု၊ လယ်တန်ငယ်ကျေးရွာ၊ ကျောက်စရစ်ကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာများတွင် (၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သစ်အိမ်(၃) လုံး၊ ဝါးအိမ် (၁၁) လုံး၊ စုစုပေါင်း (၁၄) လုံး လုံးဝပြိုလဲပျက်စီးဆုံးရှုံးခဲ့ပြီး (၅၃) ဦး လေဘေးသင့်ခဲ့ပါသည်။ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလတ်စတစ်ပုံး (၁) ပုံး (၁၄) အိမ်ထောင်စာနှင့် သစ်အိမ် (၃) လုံးအတွက် တစ်အိမ်လျှင် (၂၀၀,၀၀၀) နှုန်းဖြင့် (၆၀၀,၀၀၀) ပြိုလဲပျက်စီးသောဝါးအိမ် … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် အင်းတော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထောက်အကူပြုကော်မတီဝင်များ စုစုပေါင်း (၈၅) ဦးခန့်အား နံနက် (၉:၀၀) နာရီမှ (၁၆:၀၀) နာရီအချိန်ထိ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာတွင် လေဘေးသင်းပြည်သူများအားထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ၊ နားမခေါ်ကျေးရွာတွင် (၂၉ – ၄ – ၂၀၁ရ) ရက်နေ့တွင်ဖြစ်ပွား သော လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အမိုးလန်အိမ်ခြေ (၂၂) လုံးရှိ အိမ်ထောင်စု (၂၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) ကျပ် တို့ကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂ – ၅ -၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more









