ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် အင်းတော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာအထောက်အကူပြုကော်မတီဝင်များ စုစုပေါင်း (၈၅) ဦးခန့်အား နံနက် (၉:၀၀) နာရီမှ (၁၆:၀၀) နာရီအချိန်ထိ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)