လေဘေးထောက်ပံ့မှုသတင်း

ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ပန်းတောကြီးကျေးရွာအုပ်စု၊ လယ်တန်ငယ်ကျေးရွာ၊ ကျောက်စရစ်ကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာများတွင် (၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သစ်အိမ်(၃) လုံး၊ ဝါးအိမ် (၁၁) လုံး၊ စုစုပေါင်း (၁၄) လုံး လုံးဝပြိုလဲပျက်စီးဆုံးရှုံးခဲ့ပြီး (၅၃) ဦး လေဘေးသင့်ခဲ့ပါသည်။ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလတ်စတစ်ပုံး (၁) ပုံး (၁၄) အိမ်ထောင်စာနှင့် သစ်အိမ် (၃) လုံးအတွက် တစ်အိမ်လျှင် (၂၀၀,၀၀၀) နှုန်းဖြင့် (၆၀၀,၀၀၀) ပြိုလဲပျက်စီးသောဝါးအိမ် ( ၁၁ ) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) နှုန်းဖြင့် ( ၁,၁၀၀,၀၀၀) စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၁,၇၀၀,၀၀၀) ကျပ်နှင့် လေဘေးသင့်ပြည်သူ (၅၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၁,၃၀၀) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်အိမ်ထောင်စုများနှင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events