လေဘေးထောက်ပံ့မှုသတင်း

bamaw01Pic_3လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်မှ တာဝန်ရှိသူများသည်ဗန်းမော်မြို့နယ်စင်းခန်းကျေးရွာတွင်(၂၆-၄- ၂၀၁၇)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်အိမ်ထောင်စု(၅)စုလူဦးရေ (၂၂)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုးနှင့်ဆန်ဖိုးငွေ၄၆၂၀၀၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၅သိန်းနှင့့် အမိုးလန်ဘုန်းကြီးကျောင်း၁ကျောင်းအတွက် ထောက်ပ့ံငွေ၁သိန်း စုစုပေါင်း၆၄၆၂ဝဝကျပ်တိတိကို (၃-၅-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events