ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၁၇) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ရာလောန်အုပ်စု၊ ဇိုမွာလ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် မီးဘေးသင့်အိမ် (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) မျိုးပါ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ သေဆုံးသူ (၄) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၂၀၀,၀၀၀)ကျပ်နှင့် ကျန်ရစ်သူမိသားစု (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၁၀,၅၀၀) ကျပ်အား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်မှလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ သေဆုံးသူ (၄) ဦးအတွက် (၁) ဦးလျှင် (၃၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၁,၂၀၀,၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀)ကျပ် စုစုပေါင်း အစိုးအရအဖွဲ့ရုံးမှ ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀)ကျပ်တို့အား ပြည်နယ်ဝန်ကြီးချုပ်မှလည်းကောင်း (၂-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)