ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ACTED အဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်းကို (၃-၄-၂၀၁၇) ရက်နေ့တွင် မန္တလေးမြို့ (Perfect Hotel) ၌ သင်တန်းသား (၅၁) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၁၁) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)