ဖျာပုံမြို့နယ်၊ ကျိုက္ကဘာကျေးရွာအုပ်စု ကျိုက္ကဘာကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

03_Pic_01

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ကျိုက္ကဘာကျေးရွာအုပ်စု  ကျိုက္ကဘာကျေးရွာတွင် ဖြစ်ပွားသော မီးဘေးမှ မီးဘေးသင့် အိမ်ထောင် စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာ  ဘေးသင့်ပြည်သူ (၇) ဦး အတွက် (၇) ရက်စာဆန် ရိက္ခာဘိုး (၁၄၇၀၀ိ/-)ကျပ်နှင့် အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀/-) ကျပ် စုစုပေါင်း (၃၁၄၇၀၀/-) ကျပ်တိတိအား (၂-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events