Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် မောင်တောမြိုနယ်၊ ရွှေရင်အေးကျေးရွာမူလတန်းကျောင်း၌ သဘာဝအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာဒေသခံပြည်သူ (၉၀) ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့်နံရံကပ်စာစောင်များ ဖြန့်ဝေပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ သီပေါမြို့၌ သဘာဝဘေး လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး (ကယ်ဆယ်ရေး) မှ ရှင်းလင်းဟောပြောဆွေးနွေးခြင်း၊ တက်ရောက် လာသူများမှ အဖွဲ့လိုက်ဆွေးနွေး သုံးသပ်တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်အင်အား (၉၀) ဦးတက်ရောက်ခဲ့ကြကာ ညနေ (၁၅း၃၀) ချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပျဉ်းမနားမြို့၊ ခေမာသီဝံပရဟိတဂေဟာ သို့သွားရောက်၍ ကလေးသူငယ် (၈၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကလေးများအတွက် ခေါက်ဆွဲထုပ်များနှင့် အဝတ်အထည်များလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကိုင်းကျေးရွာ၌ (၂၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀) ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သောမီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၄) ဦိးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုစာ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၉,၄၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပျဉ်းမနားမြို့၊ စက်ရုံပရဟိတဂေဟာ သို့သွားရောက်၍ ကလေးသူငယ် (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘို့ကုန်းကျေးရွာ၊ ချစ်တီးကုန်းကျေးရွာ၊ မြယာကုန်းကျေးရွာ၊ ဖိုးတုံးကျေးရွာနှင့် လွှဇာကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာတို့၌ လေဘေးကြောင့် အိမ်ထောင်စု စုစုပေါင်း (၁၃) စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ရန်ပုံငွေ (၁၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ရန်ပုံငွေ (၁၀၉၂၀၀/-) ကျပ် စုစုပေါင်း (၁၄၀၉၂၀၀) ကျပ်တို့အား ဘိုကုန်းကျေးရွာစာသင်ကျောင်း၌ မြို့နယ်ထွေ/အုပ်၊ မြို့နယ် NLD အဖွဲ့ဝင်များ၊ Rescue ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် လပွတ္တာ မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု မလေးဆိပ်ကျေးရွာ၌ မိုးကြိုထိမှန်သေဆုံး သူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၂၄-၅-၂၀၁၇) ရက်နေ့ (၁၁း၀၀) အချိန်တွင် လပွတ္တာမြို့နယ်ထွေ/အုပ်ရုံး၌ ၎င်း၏ မိသားစုထံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ ထန်းတောကြီးကျေးရွာအုပ်စု၊ သံခဲတောင်ကျေးရွာတွင် (၂၃-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုစာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀,၀၀၀ိ/-)ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သစ်တောကြီးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနှင့် စပါးထားရိုးကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး အတွက်ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၈) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၁,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more









