ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ ထန်းတောကြီးကျေးရွာအုပ်စု၊ သံခဲတောင်ကျေးရွာတွင် (၂၃-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုစာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀,၀၀၀ိ/-)ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)