သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

25_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ သီပေါမြို့၌ သဘာဝဘေး လျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို  (၂၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး (ကယ်ဆယ်ရေး) မှ ရှင်းလင်းဟောပြောဆွေးနွေးခြင်း၊ တက်ရောက် လာသူများမှ အဖွဲ့လိုက်ဆွေးနွေး သုံးသပ်တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်အင်အား (၉၀) ဦးတက်ရောက်ခဲ့ကြကာ ညနေ (၁၅း၃၀) ချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:     ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events