ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ပျဉ်းမနားမြို့၊ ခေမာသီဝံပရဟိတဂေဟာ သို့သွားရောက်၍ ကလေးသူငယ် (၈၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်ဆိုင်ရာအသိပညာများသင်ကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကလေးများအတွက် ခေါက်ဆွဲထုပ်များနှင့် အဝတ်အထည်များလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး(ကဆရ)