ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘို့ကုန်းကျေးရွာ၊ ချစ်တီးကုန်းကျေးရွာ၊ မြယာကုန်းကျေးရွာ၊ ဖိုးတုံးကျေးရွာနှင့် လွှဇာကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာတို့၌ လေဘေးကြောင့် အိမ်ထောင်စု စုစုပေါင်း (၁၃) စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ရန်ပုံငွေ (၁၃၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ရန်ပုံငွေ (၁၀၉၂၀၀/-) ကျပ် စုစုပေါင်း (၁၄၀၉၂၀၀) ကျပ်တို့အား ဘိုကုန်းကျေးရွာစာသင်ကျောင်း၌  မြို့နယ်ထွေ/အုပ်၊ မြို့နယ် NLD အဖွဲ့ဝင်များ၊ Rescue ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ (၂၄-၅-၂၀၁၇) ရက်နေ့ (၁၄း၀၀) အချိန်ခန့်၌ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:     လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events