ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် လပွတ္တာ မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု မလေးဆိပ်ကျေးရွာ၌ မိုးကြိုထိမှန်သေဆုံး သူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၂၄-၅-၂၀၁၇) ရက်နေ့ (၁၁း၀၀) အချိန်တွင် လပွတ္တာမြို့နယ်ထွေ/အုပ်ရုံး၌ ၎င်း၏ မိသားစုထံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)