ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သစ်တောကြီးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနှင့် စပါးထားရိုးကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး အတွက်ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၈) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၁,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၁,၉၀၀ိ/-)ကျပ်တို့အား (၂၃-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)