Category Archives: News
-
သဘာဝဘေးအန္တရာယ်လျော့ချရေးကမ္ဘာလုံးဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း
သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်ပတ်သက်၍ ၂၀၁ရခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာညီလာခံကိုသဘာဝဘေးလျော့ချရေးဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက် (၂၀၃၀)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပါရီသဘောတူညီချက်တို့ကိုအခြေခံ၍ ကမ္ဘာ့နိုင်ငံအသီးသီးကဆောင်ရွက်လျက်ရှိ သော သဘာဝဘေးလျော့ချမှု ဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများကို ဆန်းစစ်ခြင်း၊ အသိပညာနှင့်အတွေ့အကြုံဗဟုသုတများကိုဖလှယ်ခြင်းနှင့်ဆက်စပ် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မက္ကဆီကိုနိုင်ငံ၊ ကန်ကွန်းမြို့တွင် မေလ (၂၂) ရက်နေ့မှစ၍ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါကမ္ဘာ့ညီလာခံဖွင့်ပွဲအခမ်းအနားကို မေလ (၂၄) ရက်နေ့က ကန်ကွန်းမြို့၊ Moon Palace Resorts တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နောင်ဟီးကျေးရွာ၊ ရွာမရပ်ကွက်၌ (၂၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆,၃၀၀) ကျပ်တို့အား ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်အတူ(၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန် အိမ်ခြေ (၅) လုံးမှ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်သျှစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ရှမ်းကုန်းကျေးရွာအုပ်စု၊ အိမ်တိုင်ပုံကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့နှင့် (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၅၉,၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္တူပုံးပါ၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၂,၆၀၀) … Read more
-
ချင်းပြည်နယ်အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ “ချင်းပြည်နယ် အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”ကို (၂၅-၅-၂၀၁၇) ရက်နေ့၊ နံနက် (၁ဝးဝ၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားဖွင့်ပွဲတက်ရောက်သူပေါင်း (၅၀) ဦးခန့်ရှိပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲ၌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးရွှေထီးအိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးချွမ်ဟရဲမှ အမှာစကားပြောကြားခြင်း၊ Asian Disaster Preparedness Center (ADPC) မှ Technical Specialist Ms.Anggraini … Read more
-
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းပြုလုပ်ကျင်းပမှုသတင်း
(၁၆-၅-၂၀၁၇) ရက်နေ့၊ မွန်းတည့် (၁၃း၃၀ – ၁၄း၁၀) နာရီအချိန်၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ “ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” ကို ကျင်းပခဲ့ရာ သင်တန်းသား စုစုပေါင်း (၆၄) ဦးတက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နုနုခိုင်မှ ဦးစီးဌာနနှင့် ပတ်သတ်သောသိကောင်းစရာအချက်များ၊ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်းများအား ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးကြောင့် ဆေးရုံတက်နေရသောပြည်သူ (၁) ဦးအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၇)ရက်နေ့တွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာအုပ်စု၊ကဇိကျေးရွာတွင် မီးဘေးကြောင့် ဆေးရုံတက်နေရသောလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်အား ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပါးပြိုဘေးထောက်ပံ့မှုသတင်း
(၂၂ – ၅ -၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ရွှေ့ပြောင်းအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃) သိန်း၊ ဆန်ရိက္ခာဖိုး (၃၅၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား အုပ်စု (အုပ်ချုပ်ရေးမှူး)နှင့်အတူ ဗလဗကျေးရွာအုပ်ချုပ်ရေးမှူး၏အိမ်၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ ယွန်းသွယ်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် (၁၈-၅-၂၀၁၇)ရက်နေ့နှင့် (၁၉-၅-၂၀၁၇)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၂၀) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀,၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄,၀၀,၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၂) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၈,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄,၈၈,၂၀၀ိ/-)ကျပ်နှင့် ကတ္ထူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ပင်လောင်းကျေးရွာအုပ်စု၊ ပင်လောင်းကျေးရွာ၌ (၁၉-၅-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် အမိုးလန်အိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၆) အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၁,၀၀၀) ကျပ်တို့အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် … Read more









