ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ ယွန်းသွယ်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် (၁၈-၅-၂၀၁၇)ရက်နေ့နှင့် (၁၉-၅-၂၀၁၇)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၂၀) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀,၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄,၀၀,၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၄၂) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၈,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄,၈၈,၂၀၀ိ/-)ကျပ်နှင့် ကတ္ထူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)