ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်သျှစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ရှမ်းကုန်းကျေးရွာအုပ်စု၊ အိမ်တိုင်ပုံကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့နှင့် (၂၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၅၉,၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္တူပုံးပါ၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၂,၆၀၀) ကျပ်တို့အား (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)