ချင်းပြည်နယ်အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း

26_Pic_03 26_Pic_04 26_Pic_02

ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ “ချင်းပြည်နယ် အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေများကို ဆန်းစစ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”ကို (၂၅-၅-၂၀၁၇) ရက်နေ့၊ နံနက် (၁ဝးဝ၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားဖွင့်ပွဲတက်ရောက်သူပေါင်း (၅၀) ဦးခန့်ရှိပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲ၌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးရွှေထီးအိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးချွမ်ဟရဲမှ အမှာစကားပြောကြားခြင်း၊ Asian Disaster Preparedness Center (ADPC) မှ Technical Specialist Ms.Anggraini Dewi က အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events