ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းပြုလုပ်ကျင်းပမှုသတင်း

(၁၆-၅-၂၀၁၇) ရက်နေ့၊ မွန်းတည့် (၁၃း၃၀ – ၁၄း၁၀) နာရီအချိန်၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ “ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” ကို ကျင်းပခဲ့ရာ သင်တန်းသား စုစုပေါင်း (၆၄) ဦးတက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နုနုခိုင်မှ ဦးစီးဌာနနှင့် ပတ်သတ်သောသိကောင်းစရာအချက်များ၊ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်းများအား ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events