(၂၂ – ၅ -၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ရွှေ့ပြောင်းအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃) သိန်း၊ ဆန်ရိက္ခာဖိုး (၃၅၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား အုပ်စု (အုပ်ချုပ်ရေးမှူး)နှင့်အတူ ဗလဗကျေးရွာအုပ်ချုပ်ရေးမှူး၏အိမ်၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)