Category Archives: News
-
လေဘေးသင့်ပြည်သူများနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်း ဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရှားပင်အိုင့်ကျေးရွာအုပ်စု၊ ဆူးလေကုန်းကျေးရွာ၌ (၂၈-၅-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့ သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀) ကျပ်တို့အား (၆-၆-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နှင့် … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး ဟောပြာပွဲပြုလုပ် ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီး ဌာနနှင့် ပူးပေါင်း၍ (၆-၆-၂၀၁၇) ရက်နေ့၊ (၁၃း၀၀) အချိန်တွင် လပွတ္တာမြို့၊ အမှတ် (၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူ (၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပြီး နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၆)ရက် နေ့၊ နေ့လည်(၁၅:၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Women အဖွဲ့အစည်းမှ Regional director ဖြစ်သူ Ms. Miwa Kato ဦးဆောင်သောအဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း( ၂၀၁၃-၂၀၂၂) National Strategic Plan for Advancement of Women (2013-2022) NSPAW အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အတွင်းရှိ အမျိုးသမီးများ၏ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၇)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ ကျောက်စရစ်ကုန်းဘုန်းတော်ကြီးကျောင်း ပရဟိတဂေဟာတွင် ကိုရင်များ၊ မယ်သီလရှင်များ၊ ကျောင်းသား/သူ များစုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ခေါက်ဆွဲခြောက်များ၊ အဝတ်အထည်များလည်းဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာရှိ လူဦးရေ (၁၀၀) ဦးခန့်နှင့် နေ့လယ်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ ပါပူးကျေးရွာရှိလူဦးရေ (၇၀) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၇)ရက်နေ့တွင် ရွှေကူမြို့နယ်၊ အမှတ်(၃)/(၄) ရက်ကွက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၈) လုံး၊ လုံးဝပျက်စီးနေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၉) လုံးနှင့် တောပုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၇၃၂,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၆၅,၁၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု (၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီတို့အား (၆-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် မီးလောင်ကျွမ်းမှုထောက်ပံ့ခြင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ် (၃)ရပ်ကွက်တွင် (၆-၆-၂၀၁၇)ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)လုံးပျက်စီးခဲ့ကာ အိမ်ထောင်စု(၁၈)စု မီးဘေး သင့်ခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုခံစားခဲ့ရသော အိမ်ထောင်စုများမှ ပြည်သူများ အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူ များသည် (၆-၆-၂၀၁၇)ရက်နေ့တွင် နေ့ချင်းသွားရောက်ထောက်ပံ့ခဲ့ရာ ပျက်စီးသွား သောအိမ်ခြေ (၃)လုံးအတွက် ထောက်ပံ့ငွေကျပ် (၄၀၀၀၀၀)ကိုလည်းကောင်း၊ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၆၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၁၃၂၃၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ ဒဏ်ရာရလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေ … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၆-၂၀၁၇) ရက်နေ့၊ နံနက် (၉းဝ၀)နာရီအချိန်တွင် ရွှေကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဦးစီးမှူးမှသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို မှတ်တမ်းဗီဒီယိုပြသခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၅၆) ဦးခန့်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းနည်းပြများနှင့် INGO အဖွဲ့အစည်းများမှတာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး (၆-၆-၂၀၁၇)ရက်နေ့မှ (၁၀-၆-၂၀၁၇)ရက်နေ့ထိ (၅) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မာန်အောင်မြို့နယ်၊ ငရုံးတောင်ကျေးရွာအတွက် ရေသန့်စက်နှင့် ရေသန့်ဆေးဘူးများ ပေးအပ်မှုသတင်း
(၅-၆-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မာန်အောင်မြို့နယ်၊ ငရုံးတောင်ကျေးရွာအတွက် ရေသန့်စက်နှင့် ရေသန့်ဆေး (၇) ဘူးအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေကျေးရွာအုပ်စု၊ ကျွဲသေကျေးရွာ၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးနှင့် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂) လုံးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၂၅,၀၀၀) ကျပ်အား (၅-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၌ (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄) လုံးအတွက် … Read more









