လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေကျေးရွာအုပ်စု၊ ကျွဲသေကျေးရွာ၌ (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးနှင့် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂) လုံးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၂၅,၀၀၀) ကျပ်အား (၅-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၌ (၁၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄) လုံးအတွက် ထောက်ပံ့ငွေ (၁၇၅,၀၀၀) ကျပ်တို့အား (၅-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events