Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၇) ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UN-HABITAT အဖွဲ့တို့နှင့် ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ မြို့ဦးစေတီအနီးရှိ သာသနာ့ဗိမ္မာန်တွင် (၅-၆-၂၀၁၇) ရက်နေ့မှ (၉-၆-၂၀၁၇) ရက်နေ့အထိ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအားပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၈) ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကိုယ်စားလှယ်အပါ (၁၂) ဦး ၊စုစုပေါင်း (၃၀) ဦးဖြင့် (၅) ရက်ကြာဖွင့်လှစ်ခဲ့ပြီး ညနေ (၁၅း၀၀) နာရီတွင် သင်တန်းပြီးဆုံးကာ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ သက်ဆိုင်ရာတာဝန်ခံများမှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ မဟာထီးကျေးရွာ အုပ်စုမဟာထီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၉-၆-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်ပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် အချိုရည်ဗူးများပေးခြင်း စသည့်တို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် (၂၉ -၅ -၂၀၁၇) ရက်နေ့မှ (၃၀-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးသင့်ကျေးရွာအုပ်စု (၇) စု မှ လုံးဝပြိုကျအိမ် (၅၂) လုံးအတွက် (၅၂၀၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၁၇) လုံးအတွက် (၃၅၄၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၈၇၄၀၀၀၀/-) ကျပ်အား့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် (၂၉ -၅ -၂၀၁၇) ရက်နေ့မှ (၃၀-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးသင့်ကျေးရွာ အုပ်စု (၅) စု မှ လုံးဝပြိုကျအိမ် (၅၁) လုံးအတွက် (၃၂၅၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၉၁) လုံးအတွက် (၁၉၂၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၅၁၇၀၀၀၀/-) ကျပ်အား (၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၀-၆-၂၀၁၇) ရက်နေ့ (၀၈း၀၀) ချိန်၌ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ရာတွင် ဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာစခန်းသို့ရွှေ့ပြောင်းပေးပြီး သဘာဝဘေးအန္တရာယ်အကြောင်းနှင့် စပ်လျဉ်း သည့် ဆောင်ရန်၊ ရှောင်ရန်များ ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့် အခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများတွင် လိုအပ်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကူညီဖြည့်ဆည်းပေးရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံမှု သတင်း
၉-၆-၂၀၁၇၊ ပင်းတယ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဒေသခံ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့သို့ရောက်ရှိကြပါသည်။ ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် အစိုးရ သစ်အနေဖြင့် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၆-၇-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၂) ဦးအတွက် အိမ်ထောင်စု (၅) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)၊ နှင့် ဆန်ရိက္ခာဖိုး (၄၆၂၀၀/-) ကျပ်၊ စုစုပေါင်း (၅၄၆၂၀၀/-)၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကလေးကျေးရွာအုပ်စု၊ ကျုံတုံးကလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲအား (၉-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာ၀ ဘေးစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်အခြေအနေ ၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက် – (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၀၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပါသည်။









