သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

10_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ မဟာထီးကျေးရွာ အုပ်စုမဟာထီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၉-၆-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်ပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် အချိုရည်ဗူးများပေးခြင်း စသည့်တို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events