ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UN-HABITAT အဖွဲ့တို့နှင့် ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ မြို့ဦးစေတီအနီးရှိ သာသနာ့ဗိမ္မာန်တွင် (၅-၆-၂၀၁၇) ရက်နေ့မှ (၉-၆-၂၀၁၇) ရက်နေ့အထိ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအားပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၈) ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကိုယ်စားလှယ်အပါ (၁၂) ဦး ၊စုစုပေါင်း (၃၀) ဦးဖြင့် (၅) ရက်ကြာဖွင့်လှစ်ခဲ့ပြီး ညနေ (၁၅း၀၀) နာရီတွင် သင်တန်းပြီးဆုံးကာ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ သက်ဆိုင်ရာတာဝန်ခံများမှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)