
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၆-၇-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၂) ဦးအတွက် အိမ်ထောင်စု (၅) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)၊ နှင့် ဆန်ရိက္ခာဖိုး (၄၆၂၀၀/-) ကျပ်၊ စုစုပေါင်း (၅၄၆၂၀၀/-)၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် (၇-၆-၂၀၁၇) ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၈) ဦးအတွက် အိမ်ထောင်စု (၈) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၈၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး (၇၉၈၀၀/-)၊ စုစုပါင်း(၈၇၉၈၀၀/-) တို့အား (၉-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)