
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် (၂၉ -၅ -၂၀၁၇) ရက်နေ့မှ (၃၀-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးသင့်ကျေးရွာ အုပ်စု (၅) စု မှ လုံးဝပြိုကျအိမ် (၅၁) လုံးအတွက် (၃၂၅၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၉၁) လုံးအတွက် (၁၉၂၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၅၁၇၀၀၀၀/-) ကျပ်အား (၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)