ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတုံးကလေးကျေးရွာအုပ်စု၊ ကျုံတုံးကလေးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲအား (၉-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာ၀ ဘေးစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)