ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၀-၆-၂၀၁၇) ရက်နေ့ (၀၈း၀၀) ချိန်၌ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ရာတွင် ဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာစခန်းသို့ရွှေ့ပြောင်းပေးပြီး သဘာဝဘေးအန္တရာယ်အကြောင်းနှင့် စပ်လျဉ်း သည့် ဆောင်ရန်၊ ရှောင်ရန်များ ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့် အခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)