Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁ရခုနှစ်၊ ဇွန်လ(၁၄)ရက်၊ (၁၁းဝ၀)နာရီအချိန် ထုတ်ပြန်ချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည် ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ကုလားတန်(ကစ္စပနဒီ) မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိ နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ပါသည် ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကျောက်တော်မြို့နယ်နှင့် … Read more
-
သဘာ၀ဘေးကျရောက်သောဒေသရှိဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
သဘာ၀ဘေးကျရောက်သောဒေသရှိ ဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ၀န်ကြီးရုံးအစည်းအဝေးခန်းမတွင် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်ထဲရေး၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် လူမှု၀န်ထမ်း၊ … Read more
-
လေပြင်းဘေးအတွက်ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာ တွင်(၁၂-၆-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဝါးအိမ်၊ သွပ်မိုး၊ထရံကာ နေအိမ် (၃) လုံးနှင့် သစ်အိမ်၊ သွပ်မိုး၊ သစ်ကာနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းအမိုးလန်နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀)ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၇၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၇၃၀၀) ကျပ်အား (၁၃-၅-၂၀၁၇) … Read more
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ခရိုင်ဦးစီးမှူးရုံးမှ မိုရာမုန်တိုင်းသင့်ပြည်သူများအား (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် လေဘေးသင့်ကျေးရွာအုပ်စုများမှ အုပ်စု (၂၁ )စုမှလုံးဝပြို အိမ် (၁၈၅) လုံးအတွက် (၁၆၁၄၀၀၀၀) ကျပ် တစ်စိတ်တစ်ပိုင်း (၆၉၆) လုံးအတွက် (၁၃၉၂၀၀၀၀) စုစုပေါင်း (၃၀၀၆၀၀၀၀ )အားမောင်တောခရိုင်ရုံးမှတာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ ထံသွားရောက် ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်Source:မောင်းတော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ပုလောမြို့နယ် ကျောက္ကာကျေးရွာ အထက ကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများ အား ဆွေးနွ ေးဟော ပြောခြင်း ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက် ရောက်သူကျောင်းသား/သူဦးရေ (၁၅၁) ဦး တက် ရောက်ခဲ့ပြီးလက်ကမ်း စာစောင်များနံရံကပ်ပိုစတာများ ကျောင်းသုံး ဗလာစာအုပ် နဲ့ဘောလ်ပင် များအားမြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဝေငှပေးခဲ့ ကြောင်းသတင်း ရရှိပါသည်။Source:မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင်ကျိုင်းတုံမြို့နယ်၊ အမှတ်( ၆ )အခြေ ခံပညာအထက်တန်းကျောင်းတွင် ဆရာ ဆရာမ ၊ကျောင်းသား၊ ကျောင်းသူ (၁၉၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် မြောက််ဦးမြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သံချောင်းကျေးရွာတွင် လုံးဝပျက်စီးသွားသောလူနေအိမ် (၂) လုံး အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအိမ်ထောင်စု(၂)စာ ပီပင်ရင်းကျေးရွာတွင် အမိုးလန်သွားသော လူနေအိမ်(၄)လုံး အိမ်ထောင်စု(၄)စုအတွက် ကဆရပစ္စည်း(၆)မျိုး အိမ်ထောင် စု(၄)စုစာအား(၁၂-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း ဘေးသင့်လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆၅၁၀၀) လုံးဝ ပျက်စီးသွားသော ဓနိမိုး၊ ထရံကာ လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) နှင့် အမိုးလန်ပျက်စီးသွားသောလူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)အား(၁၃-၆-၂၀၁၇)ရက်နေ့တွင်လည်းကောင်း မြောက်ဦခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပ့ံပေးကြောင်းသတင်းရရှိပါသည်Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ် မီးသတ်တပ်ဖွဲ့၊ လပွတ္တာမြို့နယ်ကြက်ခြေနီအသင်းနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သောဗွီနိုင်းများကို လပွတ္တာမြို့ရေပေါ်ဈေးနှင့် ဆိပ်ကမ်းရှိစက်လှေပေါ်များတွင် ချိတ်ဆွဲဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှထုတ်ဝေသည့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဈေးဝယ်ပြည်သူများထံသို့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများသဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံးမှူး (ကဆရ)
-
မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇) ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုတန်းဒေသ)တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း (၁၁.၆.၂၀၁၇)ရက်နေ့မှ (၁၃.၆.၂၀၁၇)ရက်နေ့အထိ နေရာအနှံ့အပြားမိုးရွာခဲ့ပြီး၊ ဒေသအလိုက်မိုးကြီးခဲ့ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီး နေမည်။ ရခိုင်ပြည်နယ်အတွင်း မိုးဆက်လက်ကြီးနေမည်ဖြစ်ပါသောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် … Read more









