ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ် မီးသတ်တပ်ဖွဲ့၊ လပွတ္တာမြို့နယ်ကြက်ခြေနီအသင်းနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သောဗွီနိုင်းများကို လပွတ္တာမြို့ရေပေါ်ဈေးနှင့် ဆိပ်ကမ်းရှိစက်လှေပေါ်များတွင် ချိတ်ဆွဲဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှထုတ်ဝေသည့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဈေးဝယ်ပြည်သူများထံသို့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများသဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံးမှူး (ကဆရ)