လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း

14Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် မြောက််ဦးမြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သံချောင်းကျေးရွာတွင် လုံးဝပျက်စီးသွားသောလူနေအိမ် (၂) လုံး အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအိမ်ထောင်စု(၂)စာ ပီပင်ရင်းကျေးရွာတွင် အမိုးလန်သွားသော လူနေအိမ်(၄)လုံး အိမ်ထောင်စု(၄)စုအတွက် ကဆရပစ္စည်း(၆)မျိုး အိမ်ထောင် စု(၄)စုစာအား(၁၂-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း ဘေးသင့်လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆၅၁၀၀) လုံးဝ ပျက်စီးသွားသော ဓနိမိုး၊ ထရံကာ လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) နှင့် အမိုးလန်ပျက်စီးသွားသောလူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)အား(၁၃-၆-၂၀၁၇)ရက်နေ့တွင်လည်းကောင်း မြောက်ဦခရိုင်ဦးစီးမှူးရုံးမှ ဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပ့ံပေးကြောင်းသတင်းရရှိပါသည်Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events