လေပြင်းဘေးအတွက်ထောက်ပံ့မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာ တွင်(၁၂-၆-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဝါးအိမ်၊ သွပ်မိုး၊ထရံကာ နေအိမ် (၃) လုံးနှင့် သစ်အိမ်၊ သွပ်မိုး၊ သစ်ကာနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းအမိုးလန်နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀)ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၇၃၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၇၃၀၀) ကျပ်အား (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events