မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်)

မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုတန်းဒေသ)တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း (၁၁.၆.၂၀၁၇)ရက်နေ့မှ (၁၃.၆.၂၀၁၇)ရက်နေ့အထိ နေရာအနှံ့အပြားမိုးရွာခဲ့ပြီး၊ ဒေသအလိုက်မိုးကြီးခဲ့ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီး နေမည်။

ရခိုင်ပြည်နယ်အတွင်း မိုးဆက်လက်ကြီးနေမည်ဖြစ်ပါသောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်ခြင်း၊ ကမ်းရိုးတန်းအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် မိုးထစ်ချုန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်ခြင်း တို့ကြောင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events