သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Application အား ရှင်းလင်းပြောကြားနှင့် ကျေးရွာသူ/သားများ၏ လက်ကိုင်ဖုန်းများ၌ DAN Application အားထည့်သွင်းပေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား (၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events