Category Archives: News
-
မိုရာမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် လေဘေးသင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ အတွက် သတ်မှတ်နှုန်းထားအလိုက် လုံးဝပျက်စီးအိမ် (၂၁) လုံးအတွက် (၁၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၂၈၂) လုံးအတွက်(၂၀၀၀၀/-) ကျပ်၊ လုံးဝပျက်စီးတိုက်အိမ် (၃၁) လုံးအတွက် (၂၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတိုက်အိမ် (၁၇၀) လုံးအတွက် (၅၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၂၉၄၀၀၀၀/-) ကျပ်တို့အား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ သဲအိမ်တမံကျေးရွာအုပ်စု၊ ပုလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ပြီး ဆောင်ရန်/ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဗဟိုသိုလှောင်ရုံအဆင့်မြှင့်တင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် (၂၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဗဟိုသိုလှောင်ရုံအဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့်အဆောက်အဦပိုင်းဆိုင်ရာ ပြင်ဆင်မွမ်းမံ ခြင်းများ၊ ပစ္စည်းကိရိယာများဖြည့်စွက်ခြင်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ဖြည့်တင်းခြင်းများစသည်တို့ကို WFP မှ တာဝန်ရှိသူများ၊ ဗဟိုသိုလှောင်ရုံမှ ဝန်ထမ်းများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်သည့်လမ်းညွှန်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ဝန်ကြီးဌာနကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည် နယ်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၆.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ပင်လောင်းမြို့ အထက(၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ အင်အား(၃၀၀) ခန့်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ဘေးသင့်ခဲ့သော သွပ်မိုး/ပျဉ်ကာ လုံးဝပျက်စီးနေအိမ် (၅) လုံးအတွက် တစ်အိမ်လျှင် (၂၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၀၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၆၀) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၈,၀၀၀,၀၀၀) ကျပ်၊သွပ်မိုး/ထရံကာ လုံးဝပျက်စီးနေအိမ် (၉၀) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉,၀၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅၇) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၇,၁၄၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ် (၃၈) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၈၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၈၇) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၇၄၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၆၅) ကျောင်းအတွက် တစ်ကျောင်းလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆,၅၀၀,၀၀၀) ကျပ် စုစုပေါင်း (၁၄,၀၄၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကယ်ဆယ်ရေးပစ္စည်းထပ်မံထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် အောင်ဆိပ်ကျေးရွာတို့၌ (၁၂-၆-၂၀၁၇) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ထောင်စု (၃၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၆၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၁၉,၂၀၀) ကျပ် စုစုပေါင်း (၄,၉၁၉,၂၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ (၂၂-၆-၂၀၁၇) ရက်နေ့တွင် အဆိုပါ ဘေးသင့်အိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးအား ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ငှက်တော်ကုန်းကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၂,၉၀၀)ကျပ် စုစုပေါင်း (၁,၅၀၂,၉၀၀) ကျပ်တို့အား ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၂၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကျေးရွာတွင် (၂၁-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသည့် ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်း (၅,၄၂၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more
-
ဖျာပုံမြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စု ဖလက်ချောင်းကျေးရွာမှ ဦးအေးလွင် ၄၂ နှစ်(ဘ) ဦးအုန်းလွင်သည် လယ်ထဲတွင်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန် သေဆုံးသွားသည့်အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,ဝဝဝ/-) အား တာဝန်ရှိသူများ ရှေ့မှောက်၌ ၄င်း၏မိသားစုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)









