မိုရာမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

23_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် လေဘေးသင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ အတွက် သတ်မှတ်နှုန်းထားအလိုက် လုံးဝပျက်စီးအိမ် (၂၁) လုံးအတွက် (၁၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၂၈၂) လုံးအတွက်(၂၀၀၀၀/-) ကျပ်၊ လုံးဝပျက်စီးတိုက်အိမ် (၃၁) လုံးအတွက် (၂၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတိုက်အိမ် (၁၇၀) လုံးအတွက် (၅၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၂၉၄၀၀၀၀/-) ကျပ်တို့အား (၂၃-၆-၂၀၁၇) ရက်နေ့တွင် ပေါက်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အခမ်းအနားဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events