ဖျာပုံမြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စု ဖလက်ချောင်းကျေးရွာမှ ဦးအေးလွင် ၄၂ နှစ်(ဘ) ဦးအုန်းလွင်သည် လယ်ထဲတွင်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန် သေဆုံးသွားသည့်အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,ဝဝဝ/-) အား တာဝန်ရှိသူများ ရှေ့မှောက်၌ ၄င်း၏မိသားစုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events