ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ငှက်တော်ကုန်းကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၂,၉၀၀)ကျပ် စုစုပေါင်း (၁,၅၀၂,၉၀၀) ကျပ်တို့အား ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၂၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events