ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ဘေးသင့်ခဲ့သော သွပ်မိုး/ပျဉ်ကာ လုံးဝပျက်စီးနေအိမ် (၅) လုံးအတွက် တစ်အိမ်လျှင် (၂၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၀၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၆၀) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၈,၀၀၀,၀၀၀) ကျပ်၊သွပ်မိုး/ထရံကာ လုံးဝပျက်စီးနေအိမ် (၉၀) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉,၀၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅၇) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၇,၁၄၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဘုန်းတော်ကြီးကျောင်း (၆) ကျောင်းအတွက် တစ်ကျောင်းလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၃၅,၇၄၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events