ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် အောင်ဆိပ်ကျေးရွာတို့၌ (၁၂-၆-၂၀၁၇) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ထောင်စု (၃၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၆၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၁၉,၂၀၀) ကျပ် စုစုပေါင်း (၄,၉၁၉,၂၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ (၂၂-၆-၂၀၁၇) ရက်နေ့တွင် အဆိုပါ ဘေးသင့်အိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးအား ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)