ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ် (၃၈) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၈၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၈၇) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၇၄၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၆၅) ကျောင်းအတွက် တစ်ကျောင်းလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆,၅၀၀,၀၀၀) ကျပ် စုစုပေါင်း (၁၄,၀၄၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)