ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကျေးရွာတွင် (၂၁-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသည့် ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်း (၅,၄၂၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)