Category Archives: News
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့၊ ရပ်ကွက်အချို့တွင် သက်တမ်းရင့်လမ်းဘေးညောင်ပင်ကြီးများနှင့် သစ်ပင်ကြီးအချို့ ပြိုလဲကျခဲ့ရာ လူနေအိမ်အနည်း ငယ်ပိမိခဲ့ခြင်းနှင့် လမ်းများအနည်းငယ်ပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နေရာများသို့ မွန်ပြည်နယ်ဦးစီးမှူးမှသွားရောက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့်လိုအပ်သောပေါင်း စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့နယ်အတွင်းရှိ သီရိမြိုင်ရပ်ကွက်တွင် လုံးဝပြိုကျပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၅) … Read more
-
ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၃၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌လည်းကောင်း၊ ရေဘေးကြောင့် ပြောင်းရွှေ့သီလရှင် (၂၃) ပါးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂) မျိုး (၂၃) ပါးစာနှင့် ဆန်ရိက္ခာဖိုးငွေ (၄၈,၃၀၀) ကျပ်အားလည်းကောင်း၊ ကပ္ပိယ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် … Read more
-
ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စု၊ ပျဉ်ပုံကျေးရွာ လေဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စု၊ ပျဉ်ပုံကျေးရွာ၌ ( ၁၃-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀) ကျပ်အား (၄-၇-၂၀၁၇) ရက်နေ့တွင် ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃.၇.၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးကျေးရွာ၊ လေဘေးကြောင့်လုံးဝပြိုကျအိမ်ခြေ (၂)လုံးမ အိမ်ထောင်စု (၂)စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး အမိုးလန်နေအိမ် (၂)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူ (၁၅) ဦး ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၁၅၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀)အား (၅.၇.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ကျေးရွာအုပ်စုအတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ကျေးရွာအုပ်စုမှ ကျေးရွာ ၃ ရွာ၌ ( ၁၂-၆-၂၀၁၇) ရက်နေ့တွင် ရေဘေးကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည် ၉ မျိုး ကတ္ထူပုံးအပါ ၂ ပုံး၊ ရေဝင်နစ်မြုပ်နေအိမ် (၃၈) လုံးနှင့် ပြိုလဲနေအိမ် (၂) လုံးရှိ လူဦးရေ (၁၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၄၂၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၄၂၃၀၀) ကျပ်အား (၄-၇-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၇) ရက်နေ့တွင် ဟိုပင်မြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေစကြိုမြို့ နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့ နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၃-၇-၂၀၁၇) ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀) ကျပ် စုစုပေါင်း(၃၃၃၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၉.၆.၂၀၁၇) ရက်နေ့တွင်ကျောက်တော်မြိို့နယ်၊ ရွှေလှိုင်ကျေးရွာ မီးဘေးသင့်ခဲ့ သောအိမ်ခြေ(သွပ်မိုး ဝါးကာ) (၁)လုုံး အိမ်ထောင်စု(၁)စု လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၁)စုစာ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၈၄၀၀)နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၁၀၀၀၀၀)အား (၃၀.၆.၂၀၁၇) ရက်နေ့တွင် ကျောက််တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့လွှဲပြောင်းထောက်ပ့ံ ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဖြတ်မြို့နယ်၊ နမ့်ဟွေ့လုံကျေးရွာ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂-၇-၂၀၁၇) ရက်နေ့ ညနေ (၂) နာရီအချိန်တွင် မိုင်းဖြတ်ခရိုင်ဦးစီး မှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ နမ့်ဟွေ့လုံကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စုစုပေါင်း လူဦးရေ (၈၀) ဦးခန့် တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား လက်ကမ်း စာစောင် များဖြန့်ဝေပေးကာ အုပ်ချုပ်ရေးမှူးထံသို့ နံရံကပ်ပိုစတာ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာ (၃) ရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု (၁၂) စုအား (၄-၇-၂၀၁၇) ရက်နေ့တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၁၂) အိမ်ထောင်စာနှင့် လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂၆,၀၀၀) ကျပ်တို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









